Posts

Showing posts from September, 2022
Image
  You're high upon the tower Now don't look down I will be okay here on the ground And you can always call To say hello from time to time When you're no longer mine ခုတော့ ဟိုးအမြင့်ကြီးမှာ ပျော်နေပါ မြေကြီးဆီ ငံု့ကြည့်‌မနေပါနဲ့ အောက‌္မှာ ငါ အဆင်ပြေနေမှာပါ . . မင်းဟာငါနဲ့ မဆိုင်တော့ဘူးဆိုရင်တောင် နှုတ်ဆက်ချင်ရင် အချိန်မရွေး ဖုန်းခေါ်လို့ရပါတယ် (TOWER, SKYLAR GREY) (brokeN hearT ရွှီးရွှမ်းကြုံသလို ဘာသာပြန်သည်) မူရင်းသီချင်း link- https://youtu.be/pNTzRNO39vE #tower #brokenheart original photo credit - Qatar airways
Image
  ခုနောက်ပိုင်း ရုပ်ရှင်တွေမှာ Credit scene လေးတွေပါလာတတ်တယ် အများအားဖြင့်တော့ နောက်ရုပ်ရှင်အတွက် သဲလွန်စ တစ်ခုခု ပေးချင်တာ (သို့မဟုတ်) ဇာတ်လမ်းကိုဆွဲဆန့်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့ ။ ကျနော်တို့ အချစ်ဇာတ်လမ်းမှာလည်း Credit Scence လေးရှိခဲ့တယ် ချစ်သူတို့ရဲ့ လှပတဲ့နာမ်စားတွေအစား နင် နဲ့ငါဆိုတဲ့ စကားလံုးကို မချောမမွေ့ ခေါ်ဝေါ်ပြီး ခပ်ညံ့ညံ့ ဇာတ်ညွှန်းတစ်ခုကို ရုပ်ရှင်ရိုက်နေသလိုပါပဲ။ ဟောလိဝုဒ် ရုပ်ရှင်တွေလိုတော့ Sequeal ဆက်ထွက်ဖို့ မဟုတ်ခဲ့ဘူး ပြီးသွားတဲ့ ဒီဇာတ်လမ်းဟာ တကယ်ကိုပြီးသွားပါပြီ ဘယ်လိုမှ ရှေ့ဆက်ရန်မဖြစ်နိုင်တော့ပါဘူးဆိုတာ သေချာစေမဲ့ credit scene လေးပေါ့။ နာကျင်စရာကောင်းတယ်ဗျ ခင်ဗျားတို့လည်း ကျုပ်လို အဖြစ်မျိုးကြံုခဲ့ရင် ဘယ်တော့မှ credit scene မရှိမိစေနဲ့ အဲ့ဒါက သွေးထွက်နေတဲ့ ဒဏ်ရာကို ဆားထပ်သိပ်တာနဲ့ အတူတူပဲ။ brokeN hearT #brokenheart #creditscene
Image
တစ်ချိန်တုန်းကတော့ မင်းရဲ့ကောင်းကင်ကြီး ြဖစ်ချင်ခဲ့တာပေါ့။      ⛅⛅⛅🌥🌥🌥 ခုေတာ့ မင်းအတွက် စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ 😵 ခလုတ်ကသင်း တစ်ခု 💀 အမှိုက်စ တစ်စ 💩 မဖြစ်အောင်ပဲ မနည်း ကြိုးစားနေရတယ်။ တကယ်တော့ မင်းလွတ်လပ်ပျော်ရွှင်ေနတာ ငါမြင်ချင်ပါတယ် အချစ်ရေ .. . brokeN hearT #brokenheart
Image
  တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ် အချစ်ဆိုတာ လူတွေကို ဝေးကွာ စေတဲ့ အရာတစ်ခုများလားလို့ . . ဒီကမ္ဘာပေါ်မှာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်လျက်နဲ့ ဝေးကွာသွားရသူတွေက ဆုံဆည်းရသူတွေထက် ပိုများတယ်.. (ငါတို့နှစ်‌ေယာက်လိုပေါ့) သုတေသနသာ လုပ်ခွင့်ရရင် အချစ် နဲ့ ဝေးကွာြခင်းကြားက association ကို ငါရှာ ကြည့်ချင်တယ်။ brokeN hearT #brokenheart #youaretheappleofmyeye Photo - you are the apple of my eye movie