Posts

Showing posts from July, 2022

ချစ်တဲ့အကြောင်း ..

Image
  ချစ်တဲ့အကြောင်း .. ဘာပဲဖြစ်ဖြစ် သူမကို ကျနော်ချစ်သည်။ ချစ်ခြင်းမေတ္တာသည် သူမနဲ့ချစ်သူတွေဖြစ်ကတည်း ကျနော့်ဘ၀ အပေါ် ကျောက်ချ သောင်တင်ခဲ့လေသည်။ ဘယ်တော့မှ ဖျက်လို့မရတဲ့ ဘယ်တော့မှ မှေးမှိန်အောင်လုပ်လို့မရတဲ့ တက်တူးတစ်ခုကို ရူးရူးသွပ်သွပ် ထိုးမိလိုက်သလိုမျိုး ကျနော် လှပသေသပ်စွာ ရူးသွပ်ခဲ့မိ‌ေလသည်။ ထိုကတည်းက ကျေကျေနပ်နပ်ကြီး ထပ်ခါထပ်ခါ ရူးသွပ်နေတော့သည်။ ရူးသွပ်ခြင်းသည်ကောင်းသောအရာတစ်ခုမဟုတ်သော်လည်း လောက၌ ချစ်စရာကောင်းသောအရူးများစွာရှိလေသည်။ ကျနော်သည် ချစ်စရာမကောင်းပါ။ ချစ်စရာကောင်းသောအရာတစ်ခုကို ရူးသွပ်နေခြင်းသာဖြစ်သည်။ သူမကြောင့်ဖြစ်သော ရူးသွပ်ခြင်းကို ချစ်သည်။သူမကြောင့်ဖြစ်သော စိတ်ညစ်ခြင်းကို ချစ်သည်။သူမကြောင့်ဖြစ်သော အိပ်မက္ တွေကို ချစ်သည်။သူမကြောင့် ဖြစ်သည့်အရာအားလုံးကို ကျနော်ချစ်သည်။ ထိုအရာသည် စိတ်ညစ်စရာတစ်ခုဖြစ်ရင်တောင် စိတ်ညစ်ညစ်နဲ့ မြတ်နိုးစွာချစ်သည်။ အရာအားလုံးသည် သူမကိုချစ်လို့ဖြစ်သည်။ သူမသည် လှသည်ဖြစ်စေ မလှသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ တရားမျှတသည်ဖြစ်စေ တရားမမျှတသည်ဖြစ်စေ ၊ သူမနှင့်အတူ ထိုအရာ အားလုံးကို ကျနော် ပျော်ပျော်ကြီးချစ်လေ...

ဘဝမှာ တစ်ချို့အရာတွေ ငါတို့ ရရှိခဲ့ပေမဲ့ ပိုင်ဆိုင်ခွင့်တော့ မရရှိခဲ့ဘူး

Image
T here are things that we can have, but can't keep . . ဘဝမှာ တစ်ချို့အရာတွေ ငါတို့ ရရှိခဲ့ပေမဲ့ ပိုင်ဆိုင်ခွင့်တော့ မရရှိခဲ့ဘူး (Linkin Park - one more light)

တိမ်နှင်းဆီ

Image
တိမ်နှင်းဆီတွေ ‌ ကောင်းကင်မှာ ပွင့်တဲ့နေ့က သူနဲ့ကျနော် စတွေ့ခဲ့ကြတယ် ခုတော့ ကောင်းကင်ကြီးက သူမဟုတ်သလိုပါပဲ . . . brokeN hearT

My heart is too dark to care

Image
My heart is just too dark to care I can't destroy what isn't there. . . Deliver me into my fate If I'm alone I cannot hate I don't deserve to have you . . . ( Slipknot - Snuff ) ငါ့နှလုံးသားအရိုင်းအစိုင်း‌ဟာ မင်းရဲ့ကြင်နာမှု‌ေတွနဲ့ မထိုက်တန်ခဲ့ပါဘူး ... တကယ် မရှိတဲ့ မင်းအမုန်း တွေကို ငါဘယ်လို နာကြည်းပစ်ရမှာလဲ . .. ငါတယောက်တည်းဆိုရင် ဘယ်သူ့ကိုမှလည်း မုန်း‌ေနစရာ မလိုဘူးလေ . . မင်းဟာ ငါနဲ့ ဘယ် တုန်းကမှ မထိုက်တန် ခဲ့ပါဘူး ငါ့ ဘ ဝ နဲ့ ငါ သာ ရှိ ပါ စေ . . brokeN hearT

Second Chance

Image
  လောကမှာ လူတိုင်း အမှားနဲ့ မကင်းသလို လူတိုင်းကလည်း ပြီးပြည့်စုံနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြုံဖူးကြလား သူအမှားကျူးလွန်တဲ့အခါ ကိုယ်က Second Chance ပေးခဲ့ပေမဲ့ ကိုယ့့်အလှည့်ကျ Second Chance ဆိုတာ မရခဲ့ကြတာမျိုး။ ဒီလောကကြီးက အမြဲ တရားမျှတနေမယ်လို ကျနော်တို့ မျှော်လင့်ထားလို့မရသလို တစ်ခါတစ်လေ ရှင်းပြခွင့်တောင် မရရှိခဲ့ဘဲ မှေးမှိန်ပျောက်ကွယ် သွားရတဲ့ အမှန်တရားတွေလည်း ရှိပါတယ်။ ကိုယ်ချစ်တဲ့သူတွေ အမှားတွေကျူးလွန်မိတဲ့ အခါ ကိုယ်က တဖြည်းဖြည်း သည်းခံ ပြုပြင်ပေးပြီး လက်တွဲခေါ်ခဲ့ပေမယ့် ကိုယ်အမှားတွေ ကျူးလွန်မိတဲ့အခါ ဘယ်သူကမှ လမ်းပြ ပြုပြင်မပေးဘဲ အမှားတွေအတွက် အပြစ်တင်ခြင်းနဲ့ နောင်တတွေသာရရှိ‌ေစခဲ့တာမျိုး။ လူတွေက မင်းဘာဖြစ်နေတာလဲ ဆိုတဲ့ အပေါ်မူတည်ပြီး မင်းဆီ ချဉ်းကပ်မယ်၊ မင်းကို စွန့်ခွာမယ်။ မင်းဘာကြောင့် ဒီလိုတွေ ဖြစ်နေလည်း ဆိုတာ စိတ်မဝင်စားသလို တကယ်ကူညီပေးဖို့လည်း ဆန္ဒမရှိကြတဲ့ အချိန်မျိုး ကြုံတွေ့ဖူးတယ် မဟုတ်လား။ ဘဝရဲ့ အဆိုးဆုံး အချိန်ကတော့ ကိုယ်ကချစ်ပြီး ကိုယ့်ကိုယ်လည်း ချစ်တယ်လို့ ထင်ထားခဲ့သူ‌က ကိုယ့်ကို အနိုင်ပိုင်းပြီး စွန့်ခွာသွားတယ်၊ ဒီ့ထက်ဆိုးတာက မင်းကို နောင်တတွေ၊ Guilty တွေတစ်ပ...