ခုနောက်ပိုင်း ရုပ်ရှင်တွေမှာ
Credit scene လေးတွေပါလာတတ်တယ်
အများအားဖြင့်တော့
နောက်ရုပ်ရှင်အတွက်
သဲလွန်စ တစ်ခုခု ပေးချင်တာ (သို့မဟုတ်)
ရည်ရွယ်ချက်နဲ့ပေါ့ ။
ကျနော်တို့ အချစ်ဇာတ်လမ်းမှာလည်း
Credit Scence လေးရှိခဲ့တယ်
ချစ်သူတို့ရဲ့ လှပတဲ့နာမ်စားတွေအစား
နင် နဲ့ငါဆိုတဲ့ စကားလံုးကို
မချောမမွေ့ ခေါ်ဝေါ်ပြီး
ခပ်ညံ့ညံ့ ဇာတ်ညွှန်းတစ်ခုကို
ရုပ်ရှင်ရိုက်နေသလိုပါပဲ။
ဟောလိဝုဒ် ရုပ်ရှင်တွေလိုတော့
Sequeal ဆက်ထွက်ဖို့ မဟုတ်ခဲ့ဘူး
ပြီးသွားတဲ့ ဒီဇာတ်လမ်းဟာ
တကယ်ကိုပြီးသွားပါပြီ
ဘယ်လိုမှ ရှေ့ဆက်ရန်မဖြစ်နိုင်တော့ပါဘူးဆိုတာ
သေချာစေမဲ့ credit scene လေးပေါ့။
နာကျင်စရာကောင်းတယ်ဗျ
ခင်ဗျားတို့လည်း
ကျုပ်လို အဖြစ်မျိုးကြံုခဲ့ရင်
ဘယ်တော့မှ credit scene မရှိမိစေနဲ့
အဲ့ဒါက သွေးထွက်နေတဲ့ ဒဏ်ရာကို
ဆားထပ်သိပ်တာနဲ့ အတူတူပဲ။
Comments
Post a Comment