Second Chance

 လောကမှာ လူတိုင်း အမှားနဲ့ မကင်းသလို လူတိုင်းကလည်း ပြီးပြည့်စုံနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကြုံဖူးကြလား သူအမှားကျူးလွန်တဲ့အခါ ကိုယ်က Second Chance ပေးခဲ့ပေမဲ့ ကိုယ့့်အလှည့်ကျ Second Chance ဆိုတာ မရခဲ့ကြတာမျိုး။
ဒီလောကကြီးက အမြဲ တရားမျှတနေမယ်လို ကျနော်တို့ မျှော်လင့်ထားလို့မရသလို တစ်ခါတစ်လေ ရှင်းပြခွင့်တောင် မရရှိခဲ့ဘဲ မှေးမှိန်ပျောက်ကွယ် သွားရတဲ့ အမှန်တရားတွေလည်း ရှိပါတယ်။
ကိုယ်ချစ်တဲ့သူတွေ အမှားတွေကျူးလွန်မိတဲ့ အခါ ကိုယ်က တဖြည်းဖြည်း သည်းခံ ပြုပြင်ပေးပြီး လက်တွဲခေါ်ခဲ့ပေမယ့် ကိုယ်အမှားတွေ ကျူးလွန်မိတဲ့အခါ ဘယ်သူကမှ လမ်းပြ ပြုပြင်မပေးဘဲ အမှားတွေအတွက် အပြစ်တင်ခြင်းနဲ့ နောင်တတွေသာရရှိ‌ေစခဲ့တာမျိုး။
လူတွေက မင်းဘာဖြစ်နေတာလဲ ဆိုတဲ့ အပေါ်မူတည်ပြီး မင်းဆီ ချဉ်းကပ်မယ်၊ မင်းကို စွန့်ခွာမယ်။ မင်းဘာကြောင့် ဒီလိုတွေ ဖြစ်နေလည်း ဆိုတာ စိတ်မဝင်စားသလို တကယ်ကူညီပေးဖို့လည်း ဆန္ဒမရှိကြတဲ့ အချိန်မျိုး ကြုံတွေ့ဖူးတယ် မဟုတ်လား။
ဘဝရဲ့ အဆိုးဆုံး အချိန်ကတော့ ကိုယ်ကချစ်ပြီး ကိုယ့်ကိုယ်လည်း ချစ်တယ်လို့ ထင်ထားခဲ့သူ‌က ကိုယ့်ကို အနိုင်ပိုင်းပြီး စွန့်ခွာသွားတယ်၊ ဒီ့ထက်ဆိုးတာက မင်းကို နောင်တတွေ၊ Guilty တွေတစ်ပုံတစ်ပင်ကြီး ရရှိစေမဲ့စကားလုံးတွေနဲ့ သပ်သပ်ရပ်ရပ် မင်းမသိခင် ကြိုတင်စီစဉ်ထားသလို နှုတ်ဆက်သွားကြတဲ့ အချိန်ပါပဲ။
အထီးကျန်ခြင်းဆိုတာ အကြိမ်များစွာ ခံစားဖူးပေမယ့် ဘယ်တော့မှ အလေ့အကျင့်ရသွားတဲ့ ခံစားချက္မျိုး မဟုတ်ပါဘူး။
ကျနော့် ဘဝမှာ အဆိုးဆုံး အမှားတွေကို အချစ်ကြောင့် ကျူးလွန်မိခဲ့ သလို အဲ့ဒီ့အမှားတွေ ကြောင့်ဘဲ ချစ်တဲ့သူက စွန့်ခွာသွားခဲ့တယ်။ ချစ်သူတို့ရဲ့ ခရီးဆိုတာ အဆိုးဆုံး အချိန်တွေကို အတူလက်တွဲဖြတ်ကျော်ပြီးခါမှ သိပ်မဆိုးတဲ့ အချိန်မျိုးကျမှ မစည်းလုံး တော့တာမျိုး၊ ဘာမှ မရှိတဲ့ချိန်မှာ အတူတူ ရင်ဆိုင်ခဲ့ကြပြီးခါမှ တစ်ခုခု ရှိလာတဲ့ အချိန်မှာ လက်တွဲဖြုတ်ဖို့ စဉ်းစားမိတာမျိုးလည်း ဖြစ်လာတတ်တာပါပဲ။
ကျနော့်ဘဝရဲ့ အခက်ခဲဆုံး အချိန်ဆိုတာ အဆိုးဝါးဆုံးပြဿနာတွေကို ရင်ဆိုင်နေရချိန် မဟုတ်ပါဘူး ။ အဲ့ဒီအဆိုးဆုံးတွေ ရင်ဆိုင်ပြီးခါမှ အတူတူ ဖြတ်သန်းခဲ့သူက စွန့်ခွာ သွားတဲ့အချိန်ပါပဲ။ ဘဝခရီးက မကြာခင် သာယာဖြောင့်ဖြူးတော့မယ် ထင်နေတဲ့အချိန် ရုတ်တရက် ဆက်လျှောက္စရာ လမ်းက ပျောက်ကွယ်သွားသလိုမျိုး၊ ဆက်လျှောက်ရမဲ့ ခွန်အားတွေ အငွေ့ပျံသွားတာမျိုး ပြီးတော့ ဆက်လျှောက်ဖို့ စိတ်ကူးလည်းမရှိတော့တာမျိုးပေါ့။
brokeN hearT 💔

Comments