ချစ်တဲ့အကြောင်း ..

 

ချစ်တဲ့အကြောင်း ..

ဘာပဲဖြစ်ဖြစ် သူမကို ကျနော်ချစ်သည်။
ချစ်ခြင်းမေတ္တာသည် သူမနဲ့ချစ်သူတွေဖြစ်ကတည်း ကျနော့်ဘ၀ အပေါ် ကျောက်ချ သောင်တင်ခဲ့လေသည်။


ဘယ်တော့မှ ဖျက်လို့မရတဲ့
ဘယ်တော့မှ မှေးမှိန်အောင်လုပ်လို့မရတဲ့
တက်တူးတစ်ခုကို ရူးရူးသွပ်သွပ် ထိုးမိလိုက်သလိုမျိုး ကျနော် လှပသေသပ်စွာ ရူးသွပ်ခဲ့မိ‌ေလသည်။
ထိုကတည်းက ကျေကျေနပ်နပ်ကြီး ထပ်ခါထပ်ခါ ရူးသွပ်နေတော့သည်။


ရူးသွပ်ခြင်းသည်ကောင်းသောအရာတစ်ခုမဟုတ်သော်လည်း လောက၌ ချစ်စရာကောင်းသောအရူးများစွာရှိလေသည်။
ကျနော်သည် ချစ်စရာမကောင်းပါ။ ချစ်စရာကောင်းသောအရာတစ်ခုကို ရူးသွပ်နေခြင်းသာဖြစ်သည်။


သူမကြောင့်ဖြစ်သော ရူးသွပ်ခြင်းကို ချစ်သည်။သူမကြောင့်ဖြစ်သော စိတ်ညစ်ခြင်းကို ချစ်သည်။သူမကြောင့်ဖြစ်သော အိပ်မက္ တွေကို ချစ်သည်။သူမကြောင့် ဖြစ်သည့်အရာအားလုံးကို ကျနော်ချစ်သည်။
ထိုအရာသည် စိတ်ညစ်စရာတစ်ခုဖြစ်ရင်တောင် စိတ်ညစ်ညစ်နဲ့ မြတ်နိုးစွာချစ်သည်။
အရာအားလုံးသည် သူမကိုချစ်လို့ဖြစ်သည်။


သူမသည် လှသည်ဖြစ်စေ မလှသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ တရားမျှတသည်ဖြစ်စေ တရားမမျှတသည်ဖြစ်စေ ၊ သူမနှင့်အတူ ထိုအရာ အားလုံးကို ကျနော် ပျော်ပျော်ကြီးချစ်လေသည်။


brokeN hearT



Comments

Popular posts from this blog

Second Chance